Picture
ဒီနှစ်မှာ လီဗာပူး အသင်းကိုပြောင်းရွှေ့ လာပြီး ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်နေရတဲ့ ဂျိုးကိုး ကို တောတင်ဟမ် ဟော့စပါးက လိုက်နေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် ဂျိုးကိုးကတော့ ပြောင်းရွှေ့ ချင်တဲ့ စိတ်မရှိပဲ အသင်းမှာပဲ နေရာရဖို့  ဆက်လက် တိုက်ပွဲဝင်သွားမယ်တဲ့။

"ကျွန်တော် လီဗာပူးအတွက် ကစားပေးရတာ ဂုဏ်ယူပါတယ်။ ကျွန်တော် အကောင်းဆုံးခြေကို ပြန်ရဖို့ အတွက် နေ့ တိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်နေပါတယ်။ ဘရာဂါနဲ့ ပွဲမှာ မိနစ် ၉၀ လုံး ကစားရလို့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ မှာ ကစားသမားကောင်းတွေရှိပါတယ်။ အကောင်းဘက်ကိုတွေးရင် ကျွန်တော်တို့  လမ်းကြောင်းမှန်ကိုသွားနေပါတယ်။

ကျွန်တော်တို့  ကင်နီကို ရတာ အင်မတန်ကောင်းပါတယ်။ အားလုံးက သူ့ ကိုချစ်ကြပါတယ်။ ကိုမိုလီ လည်း အံ့သြသင့်ဖွယ် ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ Steve Clarke ကို ချဲလ်ဆီးကတည်းက သိပြီး သူက အင်မတန်တော်တဲ့ နည်းပြတစ်ယောက်ပါ။ ဒီလို အသင်းမှာ ကျွန်တော် ပါဝင်ခွင့်ရတာ အင်မတန်ပျော်ရွှင်ပါတယ်။"
လို့  ကောလဟလ အပေါ် ဂျိုးကိုးက တုန့် ပြန်သွားခဲ့ပါတယ်။


Picture
ဥရုဂွေး ကစားသမားဟောင်း Francescoli ကတော့

"သူ က တော်တဲ့ ကစားသမားပါ။ သူ လီဗာပူးမှာ နှစ်ပေါင်းများစွာ ဆက်ရှိနေမယ်လို့  မျှော်လင့်ပါတယ်။

သူက လီဗာပူး အသင်းနဲ့  မြန်မြန် အံဝင်အောင် ကစားနိုင်ပြီး လီဗာပူး မှာ အရေးပါတဲ့ ကစားသမား တစ်ယောက်ပါ။

လူးဝစ် က ဟော်လန်မှာ ကောင်းမွန်စွာ ကစားနိုင်ပြီး ဒီကို ပြောင်းရွှေ့ လာပါတယ်။

ဥရုဂွေးပြည်သူလူထုတွေက ဆွာရက်စ် လီဗာပူးမှာ ရှိနေတာကို အားလုံး ဂုဏ်ယူကြပါတယ်။"

လို့  ဆွာရက်စ်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။


Picture
လီဗာပူး အရံ အသင်းကို ကိုင်တွယ်ဖို့ အတွက် အကယ်ဒမီ နည်းစနစ်ဆိုင်ရာ ဒါရိုက်တာ Pep Segura က ကိုင်တွယ်မှာဖြစ်ပါတယ်။ Pep Segura ဟာ ဘာကာ လူငယ်အသင်းကို နည်းပြခဲ့သူဖြစ်ပြီး ဖာဘရီဂတ်စ် အင်နီယောစတာ တို့ ကို မြေတောင် မြှောက်ပေးခဲ့တဲ့ နည်းပြလည်းဖြစ်ပါတယ်။ အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့် တွေဖြစ်တဲ့ ဆူဆို၊ စတာလင် နဲ့  သောမတ်အင်စ့် တို့ ကိုလည်း မြေတောင်မြှောက်ပေး နိုင်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်။

This is your new blog post. Click here and start typing, or drag in elements from the top bar.



Leave a Reply.