လီဗာပူး အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဂရေမီ ဆောင်းနက်က ကျွန်တော်တို့ရဲ့ နည်းပြကြီး ကင်နီကို အမြဲတမ်းခန့်အပ်ဖို့ ပိုင်ရှင် ဟင်နရီကို ထပ်မံပြီး တိုက်တွန်းလိုက်ပါတယ်။

တနင်္ဂနွေနေ့ မန်ယူကို ၃-၁ နဲ့ နိုင်တဲ့ပွဲအပြီးမှာ ဆောင်းနက်က သူ့လိုပဲ စကော့လူမျိုးဖြစ်တဲ့ ကင်နီက ဒီရာထူးအတွက် ထိုက်တန်တဲ့သူဖြစ်တဲ့အကြောင်း ထပ်လောင်းပြောသွားပါတယ်။

အားလုံးသိတဲ့အတိုင်း ဇန္နဝါရီလ ဟော့ဆန်ကြီးကို ထုတ်ပြီးကတည်းက ဟင်နရီက ကင်နီကို ရာသီကုန်ထိကိုင်ဖို့ တောင်းဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်၂၀ ကင်နီ လီဗာပူး မန်နေဂျာရာထူးက နှုတ်ထွက်သွားပြီးတဲ့နောက် မန်နေဂျာဖြစ်လာခဲ့တဲ့ ဆောင်းနက်က " သူတို့ (ကြိုးကြာနီ)ဟာ ဒီနေ့မှာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ဒါက အရမ်းကို ကောင်းတဲ့ ရလဒ်တခုဖြစ်ပြီး ဖြစ်နိုင်ရင် ဒီနေ့ချက်ချင်းတောင် စာချုပ်ကို ပေးလိုက်သင့်တာပါ။ ဘာကိုများ စောင့်နေစရာလိုပါသေးလဲ" လို့ ပြောသွားပါတယ်။
"ဒီနေ့က အရမ်းကို သာယာ ကောင်းမွန်လွန်းတဲ့ နေ့တစ်နေ့ပါ။ ပွဲစကတည်းက သူတို့က ကြိုးစားကစားပြီး မန်ယူကို အနိုင်ယူနိုင်ခဲ့တာပါ။ ပွဲရဲ့ အဓိကအစိတ်အပိုင်းတိုင်းမှာ မန်ယူကစားသမားတွေကို ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့တာကို ကြည့်လိုက်ရုံနဲ့ ကြိုးကြာနီတို့ ပြန်လာကြပြီလို့ ပြောနေပါပြီ" လို့ Skysports ကို ပြောသွားခဲ့ပါတယ်။





Leave a Reply.